အမြို့မြို့အနယ်နယ်သတင်းများ

Jul 27,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ယမန်နေ့နံနက်ပိုင်း ကစ၍  ထုတ်ပေးလျက်ရှိသည်။
Jul 27,2021
ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါရှိသူလူနာများ အောက်ဆီဂျင် လုံလောက်မှုမရှိဘဲ အသက်အန္တရာယ်ဆုံးရှုံးမှုမရှိစေရေးအတွက် ယမန်နေ့ညနေ ၃ နာရီအချိန်မှ စတင်၍ အမှတ်(၁၂)ရပ်ကွက်စနေပတ်ဆွမ်းလောင်းဓမ္မာရုံ၌ အောက်ဆီဂျင်အမှန်တကယ် လိုအပ်နေသူများကို မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေရေးအထောက်အကူပြုကော်မတီ၏ ကြီးကြပ်မှုဖြင့် လီတာ (၄၀)ဆံ့ အောက်ဆီဂျင်(၁၀)အိုးအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jul 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌  လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ များကို ယနေ့ နံနက် ၈ နာရီက ဘိုင်ပြင် ကျေးရွာ၌ ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ၊ မြို့နယ် ဦးစီးမှူး ဒေါ်မြစောနွယ်က ပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 27,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ခန်းမရှေ့တွင် ယနေ့နံနက် ၁၁ နာရီ အချိန်က အောက်ဆီဂျင်အိုးများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
Jul 27,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယမန်နေ့ညနေ (၅)နာရီအချိန်ခန့် က ကွမ်ရိုက်ကျေးရွာတွင် တောင်မြေပြိုကျမှု များဖြစ်ပေါ်လျက်ရှိပြီး မြေပြိုကျခြင်းကြောင့် အမျိုးသမီးတစ်ဦးပျောက်ဆုံပြီး အိမ်ခြေ(၇)လုံးပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး ယနေ့နံနက် ၈နာရီခွဲ အချိန်က မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးအောင်ကြည်သိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက အဆိုပါကျေးရွာသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Jul 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိသော ပညာရေးဌာနက ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ ဟောင်းကြီးတွင် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 27,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ နှင့် မြို့နယ်အဆင့်ဌာဆိုင်ရာအကြီးအကဲများ တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးအတွက် လူဦး ရေစာရင်း ကောက်ယူရေး ညှိနှိုင်းစည်းဝေးကို ယနေ့ နံနက်(၁ဝ)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌  ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည် ။