ဇမ္ဗူသီရိ ဇူလိုင် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် ဝန်ထမ်းများ၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကျော်သူအောင် နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုလျော့နည်း စေရေးအတွက် အများပြည်သူများ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာ စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် အောင်ဇမ္ဗူရပ်ကွက်၊ ပြန်ကပြေးဈေးနှင့် နေပြည်တော်ကောင်စီလမ်း၊ စစ်ဆေးရေးဂိတ်တို့တွင် (Mask) တပ်ဆင်သွားလာခြင်း မရှိသူများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် (Mask) တပ်ဆင်လာခြင်းမရှိသူများအား ဒဏ်ငွေပေးဆောင်စေပြီး ပထမအကြိမ်သတိပေးကာ ဒုတိယအကြိမ် စစ်ဆေးတွေ့ရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း အများပြည်သူများ သိရှိစေရေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)