ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာများ ရပ်ကွက်အတွင်း အသိပညာ ပေး လှည့်လည် ဆော်သြ

ရိခေါ်ဒါရ် ဇူလိုင်   ၂၈

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပြည်သူများထံ အသိပညာ ပေး လှည့်လည် ဆော်သြခြင်းကို ယနေ့ နံနက် ၇ နာရီမှ ၁၀ နာရီအထိ ရိခေါ်ဒါရ်မြို့၊  မြို့ပေါ် ရပ်ကွက် (၂)ခုအတွင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပြည်သူများထံအသိပညာပေး လှည့်လည် ဆော်သြရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ် ကာကွယ်နိုင် ရေးအတွက် မိမိကစ၍ ကာကွယ်ရန်၊ မိမိတို့နေအိမ်အတွင်း၌သာ နေထိုင်ရေး၊ မလွှဲရှောင်သာသော အရေးကြီးသည့် ကိစ္စရပ် များအတွက် အပြင်ထွက်သွားလာရန် လိုအပ်လာပါကလည်း နှာခေါင်းစည်းနှင့် မျက်နှာအကာများ မဖြစ်မနေတပ်ဆင်ရေး၊ လူစုလူဝေးဖြင့်ပြုလုပ်သည့် အခမ်းအနားများပြုလုပ်မှု မရှိစေရေး၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ အသိပေး ချက်များအား ပြည်သူများလိုက်နာရေး စသည့်အချက်များကို ရပ်ကွက် အတွင်း လက်ကိုင်စပီကာဖြင့် လှည့်လည်ဆော်သြခဲ့ ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပြည်သူများထံအသိပညာပေးလှည့်လည် ဆော်သြ ခြင်းကို မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီ ၏ဦးဆောင်မှုဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်သူများအသိပညာ ပေးလှည့် လည်ဆော် သြခြင်းကို နေ့စဉ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပက်ကာ (ရိရေကန်)