ဆီဆိုင် ဇူလိုင် ၂၈
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်မှုလျော့နည်းစေရေးအတွက် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ရောဂါကူးစက်မှု လျော့နည်းနိုင်မည်ဖြစ်၍ ပြည်သူများ လိုက်နာ ဆောင်ရွက်သင့်သည့် အချက်များ၊ ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများနှင့် ပင်စုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းတို့က ယနေ့ နံနက် ၈ နာရီခန့်က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပင်စုံကျေးရွာအုပ်စု၊ ကောင်းမူဗွာ၊ ထီမန်း၊ ဝါးခရာကျေးရွာများသို့ သွားရောက်ကာ ပအိုဝ်းဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါနိုးဆော်ရာတွင် အပြင်ထွက်တိုင်း နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ လူစုလူဝေးရှောင်ရှားရန်၊ လူစုလူဝေးမပြုလုပ်ပါရန်၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါစပ်း၊ နှာခေါင်းစည်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေခြင်း မပြုလုပ်ကြပါရန်၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုသန့်စင်ခြင်းများ ပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ သွားရောက်ခြင်းမပြုလုပ်ရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်၊ အကယ်၍ မိမိတို့၌ ရောဂါပိုးကူး စက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံး ကိုယ်စီလိုက်နာ ကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြရန် စသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို တိုင်းရင်းသားပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး လှည့်လည်နှိုးဆော် အသိပညာပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)