ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်ပရဟိတအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀) နာရီ အချိန်က ဆိပ်ကြီးတာဆုံနှင့်မအူပင်ဆိပ်ကျေးရွာတွင် အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြပါ ရန်၊သို့မှာသာရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အိမ်တွင်ပြင်ပမှလာသောဧည့်သည်များ လက်မခံပါရန်နှင့်ထို့အတူမိမိတို့ကလည်း အခြားသူများထံသွား ရောက်ခြင်းမပြုကြရန်၊မဖြစ်မနေအရေးကြီးကိစ္စကြောင့်အပြင်ထွက်ရပါကပါးစပ်နှင့်နှာခေါင်းစည်း (Mask )ကို စနစ်တကျတပ်ဆင်ရန်၊အခြားသူများနှင့်အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွါခွါနေရန်။ Mask မတပ်သူများ နှင့်တွေ့ဆုံခြင်း၊စကားပြောခြင်း၊ဈေးဝယ်ခြင်းများမှရှောင်ကြဉ်ရန်၊လူစုလူဝေးပြုလုပ်ခြင်း၊သွားလာခြင်းကို ရှောင် ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်းလက်ကိုဆပ်ပြဖြင့်အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ လက်ကို ဆေးကြောခြင်း မပြုဘဲပါးစပ်နှာခေါင်းနှင့်မျက်စေ့ တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်ထိတွေ့ခြင်းများမပြုလုပ်ကြရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရန်၊မိမိတို့နေအိမ်များကိုပြတင်းတံခါးများဖွင့်ထားပြီးလေဝင်လေထွက်ရှိအောင်လုပ်ရန်၊အပြင်ထွက်ရာမှ ပြန်လာ တိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့်နှာခေါင်းစည်းMask များကိုအိမ်အပြင်တွင်စွန့်ပစ်ပါ။အပြင်ကပြန်လာပြီးတိုင်းအဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီအိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများနှင့်ဆီးချို၊နှလုံးသွေးတိုးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါ က ဝေဒနာပြင်းထန်စွာ ခံစားရပြီးအသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။
သို့ဖြစ်ပါ၍မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟုသံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွါးမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက်ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်းသိရသည်။