ပလောက် ဇူလိုင် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အမှတ်(၁)ရပ်ကွက်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲ၍ ပြိုကျအိမ်ခြေ(၁)လုံးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နေ့လယ် ၁ နာရီခွဲက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးဦးမျိုးဝေ၊ ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ် တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၌ ဇူလိုင်လ (၂၅) ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်း၍လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကာ နေအိမ်ပိ၍ ပျက်စီးသွားသောကြောင့် အိမ်ဆောက်ရန်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂)သိန်းကျပ်နှင့် အိမ်ထောင်စု(၁)စုမှလူဦးရေ (၂)ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဘိုး (၄၂၀၀)ကျပ်၊ ပြိုကျပျက်စီး အိမ်ထောင်စု(၁)စုအတွက် (၄၆၀၃၆)ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးပါ(၁)ပုံး၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၄၂၀၀)ကျပ်အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
နှင်းမြူလွင်( ပလောက် ပြန်/ဆက်)