ယင်းမာပင်မြို့ပေါ်ရပ်ကွက်များ၌ ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်

ယင်းမာပင်    ဇူလိုင်  ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ မြို့ပေါ်ရပ်ကွက်များ၌ ဆေးဖျန်းခြင်းလုပ်ငန်း များဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၃) နာရီအချိန်က  အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်နှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍  ယင်းမာပင် မြို့မ (၄)ရပ်ကွက်ရှိ မိဘလုပ်သားပြည်သူများအား ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု မဖြစ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက်  ယင်းမာပင်မြို့ပေါ်ရှိ အိမ်ထောင်စုတိုင်းအား  တစ်အိမ်တက်၊ တစ်အိမ်ဆင်း  ဆေးဖျန်းခြင်း လုပ်ငန်းများကို(၂၈-၇-၂၀၂၁)ရက်နေ့ နံနက် (၈)နာရီအချိန်တွင် လှည့်လည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ပြည်သူများ  ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုးမိုး(ယင်းမာပင်)