အင်္ဂပူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်ကသူချောင်းရေလျှံပြီး ကျေးရွာအချို့ရှိ လူနေအိမ်များတွင် ရေများဝင်ရောက်လျက်ရှိ

အင်္ဂပူ   ဇူလိုင်  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်၇နာရီချိန်မှစတင်၍ နန်ကသူချောင်းရေလျှံပြီး  ကျေးရွာအချို့ရှိ လူနေအိမ်များအတွင်း   ရေဝင်ရောက်လျက်ရှိကြောင်း   သိရသည်။

အဆိုပါ ချောင်းရေလျှံမှုကြောင့် ကွင်းကောက်(တောင်)အုပ်စု၊ ဥယျာဉ်ရပ်ကွက်၊ စံပြရပ်ကွက်၊ ရွာကလေးရွာ၊ ဘိုကုန်းရွာ၊ ညောင်ကုန်းရွာအတွင်း ရှိလူနေအိမ်များအတွင်း‌ ချောင်းရေ ၂ ပေခန့်မှ ၃ပေခွဲခန့်အထိ ဝင်ရောက်လျက်ရှိကြောင်းနှင့် တလိုင်းကွင်းအုပ်စုအတွင်းရှိ တလိုင်းကွင်းရွာ၊ အောက်စုရွာ၊ သဲကောရွာ၊ သပြေတုန်းလှဲ ၊ ကံကျိုး၊ ဒိုးတန်းကျေးရွာများ အတွင်းချောင်းရေ ၁ပေခွဲခန့် ဝင်ရောက်လျက်ရှိပြီး ရေဝင်နေအိမ်များ အိမ်ထောင်စုများအား ကွင်းကောက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကျေးအဖွဲ့ဝင်များမှ ကူညီရွှေ့ပြောင်းနေလျက်ရှိကြောင်း  ကနဦးသိရသည်။

မန်းကျော်(ပြန်/ဆက်)