တွန်းဇံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ပေးလျက်ရှိ

                                                                                               တွန်းဇံ    ဇူလိုင် ၂၈

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ယမန်နေ့ ညနေ(၃)နာရီ အချိန်တွင် မြို့တွင်းလှည့်လည် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တွန်းဇံမြို့ပေါ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများပူးပေါင်း၍ လှည့်လည်အသိပညာပေးလုပ်ငန်း ဆောင်ရွက် ခဲ့ကြသည်။ ကျန်မားရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-၁၉)မိမိကစ၍ ကာကွယ်ပါ ဟူသည့်ဆောင်ပုဒ်နှင့် ဒေသန္တရ ထုတ်ပြန်ထားသည့် အချက်များနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး တေးသီချင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည်၍ ပြန်ကြားပေးလျက် ရှိကြောင်း သိရသည်။

ဝေဖြိုး