အမြို့မြို့အနယ်နယ်သတင်းများ

Jul 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နမ့်ခတ်ကျေးရွာအုပ်စု၊ မိုင်းအင်းကျေးရွာတွင် ဇူလိုင် ၂၂ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များမှ ရေဘေးသင့် ပြည်သူများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင် ၂၆ ရက်က ထောက်ပံ့ငွေများပေးခဲ့ကြောင်းသိရသည်။
Jul 28,2021

တနင်္သာရီတိုင်း ဒေသကြီး၊ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်၊ အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ် ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေး သွားမည်ဖြစ်သည့်အတွက် စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွှဲ (၂)နာရီက လောင်းလုံး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

Jul 28,2021
သံတွဲမြို့နယ်တွင် ဇူလိုင်လ ၂၆ ရက်နေ့နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့ သဖြင့် သံတွဲမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့ရေနစ်မြုပ်လျက်ရှိရာမှ ယနေ့နံနက် (၅) နာရီအချိန်ခန့်တွင် ရေများပြန်လည်ကျဆင်းသွားပြီးဖြစ်ကြောင်းသိရသည်။
Jul 28,2021

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင် ၊ ထားဝယ်မြို့ အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ် ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေး သွားမည် ဖြစ်သည့် အတွက် စာရင်းကောက်ယူရေး ထပ်ဆင့်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွှဲ (၃)နာရီက ထားဝယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

Jul 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ Positive တွေ့ရှိ လူနာ‌နေအိမ်နှင့် အနီးပတ်ဝန်းကျင်ရှိနေအိမ်များ ၊ Positive တွေ့ရှိလူနာများ ထားရှိသော  Quarantine Centre များ၌ အများပြည်သူတို့ စိုးရိမ်ထိန့်လန့်ခြင်းများ မဖြစ်စေရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုများမဖြစ်ပေါ်စေရေး ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်သည့်အနေဖြင့် ယမန်နေ့က ‌တာလေမြို့ လောကပါလ ပရဟိတလူမှုကူညီရေး အသင်းက ကာကွယ်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 28,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁ ဇူလိုင်လတတိယပတ်ထဲမှာ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေဟာ ဇူလိုင်လ၂၇ရက်နေ့ ညနေ၆ နာရီ အချိန်တိုင်းတာချက်အရစိုးရိမ်ရေအမှတ်ထက်(၇လက်မ)ကျော်လွန်၍ (၁၇ပေနဲ့၇လက်မ)အထိရောက် ရှိနေပြီဖြစ်ပါတယ်။
Jul 28,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံ၍ ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌   ကျင်းပပြုလုပ်သည်။