ထန်းတပင် ဇူလိုင် ၂၈
အများပြည်သူများ အောက်ဆီဂျင်အခက်အခဲများမရှိစေရေးနှင့် အမှန်တကယ်လိုအပ်သည့် ပြည်သူများ အောက်ဆီဂျင်များရရှိစေရေးတို့အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းအောက်ဆီဂျင်များကို ဖြန့်ဝေ ဆောင်ရွက်ပေး လျက်ရှိပြီး ဇူလိုင်လ(၂၇)ရက်နေ့အထိ အောက်ဆီဂျင် လီတာ(၄၀)ဆံ့ (၁၁ဝ)အိုးကို မြို့နယ်အတွင်းရှိဆေးရုံများနှင့် အများပြည်သူများထံသို့ ဖြန့်ဝေဆောင် ရွက်ပေးပြီး ဖြစ်ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်း အောက်ဆီဂျင်များ ဖြန့်ဝေဆောင်ရွက်မှုများကို ဇူလိုင်လ(၂၃) ရက်နေ့မှ စတင်၍ ဖြန့်ဝေဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထန်းတပင်မြို့နယ်ပြည်သူ့ဆေးရုံ၊ တက်သစ်တိုက်နယ်ဆေးရုံ၊ ဘောလည်တိုက်နယ်ဆေးရုံများသို့ အောက်ဆီဂျင်လီတာ (၄ဝ)ဆံ့ (၅၅)အိုး ဖြန့်ဝေဆောင်ရွက်ပေးပြီးဖြစ်သလို ပရဟိတအဖွဲ့များမှတဆင့် အများပြည်သူများထံသို့ အောက်ဆီဂျင်လီတာ(၄ဝ)ဆံ့ (၅၅)အိုးတို့ကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့မှတာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ကြကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များအရ အောက်ဆီဂျင်များကို သက်ဆိုင်ရာမြို့နယ်များအလိုက် အောက်ဆီဂျင်စက်ရုံမှ ထုတ်ယူကာ အများပြည်သူများထံသို့ ပြန်လည်၍ ဖြန့်ဝေဆောင်ရွက်လျက်ရှိပြီး ထန်းတပင်မြို့နယ် အနေဖြင့် ဇူလိုင်လ(၂၃)ရက်နေ့တွင် လေးဆယ်လီတာဆံ့ အောက်စီဂျင်(၂ဝ)အိုး၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် (၄၀) လီတာဆံ့ အောက်စီဂျင်(၃ဝ)အိုး၊ ဇူလိုင်လ (၂၆)ရက်နေ့ တွင်(၄၀)လီတာဆံ့ အောက်ဆီဂျင်(၂ဝ)အိုးနှင့် ဇူလိုင်လ(၂၇)ရက်နေ့တွင် (၄၀)လီတာဆံ့ အောက်ဆီဂျင်(၄ဝ)အိုးတို့ကို အောက်ဆီဂျင်စက်ရုံမှထုတ်ယူပြီး မြို့နယ်အတွင်းရှိကိုဗစ်-၁၉ ရောဂါကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ဆေးရုံ(၃)ရုံနှင့် အများပြည်သူများထံသို့ ပြန်လည်၍ ဖြန့်ဝေဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)