ဘီးလင်း ဇူလိုင် ၂၈
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၂၅ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဘီးလင်းမြို့ပေါ်ရပ်ကွက်ရှိမြေနိမ့်ပိုင်း အချို့တွင် ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့် ကန်သာယာရပ်ကွက် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ရေဘေးသင့်အိမ်ထောင်စု ၁၀ စု မှ လူဦးရေ ၅၁ ဦးတို့အား ယနေ့ ညနေပိုင်းက ရေလွတ်ရာ ကန်သာယာ အမက - ၂ ကျောင်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ယာယီပြောင်းရွေ့နေထိုင်နိုင်ရေးအတွက် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘီးလင်း (ပြန်/ဆက်)