အမြို့မြို့အနယ်နယ်သတင်းများ

Jul 28,2021
အောက်ဆီဂျင် အမှန်တကယ်လိုအပ်နေသော ပြည်သူများလက်ထဲသို့ အောက်ဆီဂျင် ရရှိရေးအတွက် မြို့နယ်အဆင့် အောက်ဆီဂျင်ဖြန့်ဝေရေး အထောက်အကူပြုကော်မတီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 28,2021
တနင်္သာရီတိုင်း ဒေသကြီး၊ထားဝယ်ခရိုင် ၊‌ရေဖြူမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ် ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်သည့်အတွက် စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ (၃)နာရီက ရေဖြူ မြို၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊‌အောင်သာဝတီခန်းမတွင် ကျင်းပခဲ့သည်။
Jul 28,2021
ဂန့်ဂေါခရိုင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့မိမြို့ဖများ၊ ပရဟိတ အသင်းများနှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၇ ရက်နံနက် ၁၀ နာရီက ဂန့်ဂေါခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Jul 28,2021

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဇူလိုင်(၁၈)ရက်နေ့မှစတင် ကာ နေ့စဉ်မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် တောင်ကျရေများကျဆင်းခြင်း ဇမိမြစ် အတွင်းသို့စီးဝင်သည့် ချောင်းလက်တက်များရေလျှံခြင်းနှင့် ဇမိမြစ်ရေလျှံခြင်းများ ဖြစ်ပေါ် ပြီး ဇမိမြစ်ကမ်းနဘေးရှိ လူနေအိမ်များနှင့်မြေနိမ့်ပိုင်းနေရာများရှိ လူနေအိမ်များအတွင်းသို့ ရေကျော်ဝင် ရောက်နစ်မြုပ်မှုများ ဖြစ်ပွားလျက်ရှိပြီး ဇမိမြစ်ရေသည် စိုးရိမ်ရေ အမှတ်သို့ ရောက်ရှိရန် (၂)ပေခန့်သာလိုတော့ကြောင်းသိရသည်။

Jul 28,2021
မန္တလးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် ပင်တလည်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေကျပ်သိန်း(၁၀၀)အကုန်အကျခံကာ ယနေ့နံနက်ပိုင်းက ကျေးရွာဖွံ့ဖြိုးရေး(CFW)စီမံကိန်းဖြင့်ကျေးရွာတွင်းလမ်းဂျင်းကျောက်မြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၌ ပိုးတွေ့အတည်ပြုလူနာများအား ကုသနိုင်ရန်နှင့် နာတာရှည်ရောဂါသည်များ အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် တွံတေးမြို့နယ် စိတ္တသုခ လူမှုကယ်ဆယ်ရေးအသင်းသို့ အောက်ဆီဂျင်ဖြည့်တင်းနိုင်ရေး နှင့်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ အလှူငွေများကို စေတနာရှင်များက အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
Jul 28,2021

နွားထိုးကြီးမို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန် လိုက်နာဆောင်ရွက် ရမည့်နည်းလမ်းများအား ပြည်သူများသိရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၅ နာရီက မြို့ပေါ် ရပ်ကွက်(၈)ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများ နှင့်လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။