အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅)နှစ်နှင့်အထက်အဘိုးအဘွားများ၊ ရဟန်းသံဃာတော် များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေခံပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီက အခြေ ခံပညာ အထက်တန်းကျောင်းရှိ ဗိုလ်စကားခန်းမတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှညွှန်ကြား ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ငါးရက်မြောက် ပဉ္စမနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Aug 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်က မိဘပြည်သူများအား မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမဆောင်၌ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Aug 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဇူလိုင်လ(၃၀)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရက် ဩဂုတ်လ(၄)ရက်နေ့ မွန်းတည့် ၁၂နာရီအချိန်တွင် မြို့နယ် အတွက် ခွဲတမ်းရရှိထားသော Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အားလုံး ကို အပြီးသတ်ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်သည်။
Aug 06,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ၂၀၄ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Aug 06,2021
ပျဉ်းမနားမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊သီလရှင်များ၊အသက် (၆၅)နှစ် နှင့်အထက် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဩဂုတ် ၁ရက်နေ့ မှ ၄ရ က်နေ့ထိ ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ဆေးထိုးနှံရေး စင်တာတွင် ထိုးနှံပေး ခဲ့ပြီး၊ ကာကွယ်ဆေးများ ထပ်မံရရှိသဖြင့် ဩဂုတ် ၅ ရက် နေ့တွင် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
Aug 06,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုးစစ်ဆေးခြင်းလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ သန်လျင်မြို့နယ် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီးခြံဝင်းအတွင်းအရှေ့၌ ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအချိန်အထိ ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ (အခမဲ့) စစ်ဆေးပေးခြင်းနှင့် မွန်းလွဲ ၁ နာရီတွင် သာသနာ့ဗိမာန်အပေါ်ထပ်၌ ကာကွယ်​ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။