အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ဒုတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူ (၂၅၀) ဦးအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Aug 06,2021

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ငါးသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ငါးခုံးမကြီးကောင်ရေ (၂.၈၅) သိန်း ငါးမြစ်ချင်း (၇.၁၅)သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁၀)သိန်းကို ယနေ့နံနက်(၈)နာရီက ဆယ့်နှစ်ကိုင်း ကျေးရွာအနီးရှိ ဒုဌ၀တီမြစ်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။

Aug 06,2021
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ပန်းတနော်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအခြေအနေအား ယမန်နေ့မွန်းလွဲပိုင်းက လာရောက် ကြည့်ရှုစစ်ဆေးပြီးအား‌ပေးစကားပြောကြားခဲ့သည်။
Aug 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်ရောဂါကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ယနေ့ မွန်းလွဲပိုင်းက 10 Liter Oxygen Concentrator (၂)လုံးကို ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖတို့က ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စိုးက လက်ခံရယူခဲ့သည်။
Aug 06,2021

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင်အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ သတ်မှတ်ထားသည့် ကူးစက်ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

Aug 06,2021
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်ရှိ မဒေးရေလှောင်တမံသည် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကန်ရေပြည့်အမှတ် ၄၃၄.၀၀ ပေ ဖြစ်ပြီး ယနေ့နံနက် ၉ နာရီတွင် ကန်ရေ ပြည့် အမှတ်အထက် ၂ပေ ၆လက်မ ရေပိုလွှဲမှ ရေကျော်စီးဆင်းလျက်ရှိသော်လည်း စိုးရိမ်ဖွယ်ရာ အခြေအနေသို့ရောက်ရှိမှုမရှိသေးကြောင်းသိရပါသည်။
Aug 06,2021

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၆၅)နှစ်နဲ့အထက် အဘိုး/အဘွားများကို ယနေ့နံနက်(၉:၀၀)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Aug 06,2021
ကျိုက်မရောမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ရေးအတွက်ပြည်သူများအနေဖြင့် နေအိမ် ပြင်ပသို့ သွားလာကြရာတွင် သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ လိုက်နာသွား လာ မှုရှိ/ မရှိစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်၉နာရီကကျိူက်မရောမြို့အဝင် နတ် စမ်းဂိတ် နှင့် စက်လမ်းဝအဝိုင်း၌မြို့နယ်ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ပူးပေါင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။