အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ပိုင်းမှစတင်၍ သတ်မှတ်ထားသည့် စုရပ်နေရာအသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကျောင်း တိုက်အသီးသီးရှိ ဆရာတော်သံဃာတော်များ၊ ဦးတည်အုပ်စုများနှင့် ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံ ပေးခဲ့ကြောင်း သိရှိရသည်။
Aug 06,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေး အတွက် မြို့နယ်တွင်းရပ်ကွက်များ၌ ပြည်သူများလိုက်နာဆောင်ရွက်သင့်သည့်အချက်များကို ယမန်နေ့ ည(၈)နာရီ အချိန်က အသိပေးကြေညာခဲ့ကြောင်းသိရသည်။
Aug 06,2021

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဩဂုတ်လ(၁)ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို အ-ထ-က (မင်းကုန်း)တွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ပင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

Aug 06,2021
ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များ ရာနှုန်းပြည့် တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးတို့အတွက် ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အတူ ဘက်စုံစိုက် ပျိုးမွေးမြူရေးခြံများနှင့် စိုက်ပျိုးရေးဦးစီးဌာနပိုင် ဝဥ စိုက်ပျိုးရေးခြံတို့ကို သြဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။
Aug 06,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ပူတာအိုခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးချစ်သည် စစ်ဗျူဟာ အဖွဲ့(အခြေချ)ပူတာအိုမှ ဗျူဟာမှူးဗိုလ်မှူးကြီးဝင်းမင်းသိမ်းနှင့် ခရိုင်ကော်မတီတာဝန်ရှိသူများ လိုက်ပါလျက် မချမ်းဘော့မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီများမှ မချမ်းဘော့မြို့ ဂူဘားရိပ်သာတွင် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအားယမန်နေ့ နံနက် ၉ နာရီ အချိန်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။
Aug 06,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဩဂုတ်လ(၁)ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို အထက(မင်းကုန်း)တွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ပင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။