အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံနေမှုကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်လာရောက် ကြည့်ရှုခဲ့ကြောင်းသိရသည်။     
Aug 05,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသက် (၆၅)နှစ် ထက် သက်ကြီးရွယ်အိုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရုံးဟောင်းအစည်း အဝေးခန်းမနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ သတ်မှတ်စုရပ်နေရာများတွင် လတ်တလော အသက် ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီမှ ၁၂ ထိလည်းကောင်း၊ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအချိန်ထိနှစ်ပိုင်းခွဲကာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများအား ပဉ္စမနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျှက် ရှိကြောင်း သိရသည်။
Aug 05,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ နယ်မြေခံ တပ်မတော်အရာရှိများ၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးကြပြီး တပ်မတော်နှင့် ပုဂ္ဂလိကပိုင် စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းများသို့ ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
Aug 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်မှစတင်၍ နောင်ချိုမြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ နောင်ချိုမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်း နေထိုင်ကြသော မိဘပြည်သူများအား အသံချဲ့စက်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Aug 05,2021
ရှမ်းပြည်နယ်   (မြောက်ပိုင်း)၊   နောင်ချိုမြို့နယ်  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့  PPE ဝတ်စုံနှင့် ကျန်းမာရေးသုံးပစ္စည်းများကို  ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 05,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြောင်းဆုံငယ်ကျေးရွာတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန က ထုတ်ပြန်ထားသော ညွှန်ကြားချက်များ ပြည်သူများတိတိ ကျကျ လိုက်နာဆောင်ရွက်စေရန် ကိုဗစ် - ၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေး    အသိပညာပေးနှိုးဆော်ခြင်း နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်   အရန်မီးသတ်တပ်ဖွဲ့၀င်များ ပူးပေါင်း၍  ယနေ့   နံနက် (၈) နာရီ ခွဲက မြောင်းဆုံငယ်ကျေးရွာအတွင်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။