Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ Coronavirus Disease 2019 ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပ
Aug 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ Coronavirus Disease 2019 ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်တွင် မွေးစမှ အသက်(၁၈)လအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း အစီအစဉ်ဆောင်ရွက်
Aug 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင် ဩဂုတ်လ (၁) ရက်နေ့ နံနက် (၈) နာရီအချိန်မှစ၍ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းအစီအစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ် ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ စင်တာမှ ထွက်ရှိသော အမှိုက်များကို စနစ်တကျ သိမ်းဆည်းပေး
Aug 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ စင်တာတို့မှ နေ့စဉ် ထွက်ရှိသော စွန့်ပစ်အမှိုက်များကို အဆိုပါ ပတ်ဝန်းကျင်အနီးရှိ ပြည်သူများ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ် စေရေးအတွက် စနစ်တကျထုတ်ပိုး၍ သုံးရက်ခြားတစ်ကြိမ် သိမ်းဆည်းပေးလျက်ရှိကြောင်းသိရသည်။ ပုံ- ကိုဗစ်-၁၉ စင်တာမှ ထွက်ရှိသော အမှိုက်များကို စနစ်တကျသိမ်းဆည်းပေးနေစဉ်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်တွင် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
Aug 03,2021
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝှန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှု မြန်ဆန်သည်နှင့်အမျှ သေဆုံးမှုများလည်း မြင့်တက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကူး စက်မှုအား အထိုက်အလျောက် ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ပြီး အသက်(၆၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် ပရဟိတအဖွဲ့ စေတနာ့ဝန်ထမ်းများအား ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန် အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ လမ်း(၂၀)ရှိ၊မြို့နယ် ဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်တွင် အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Aug 03,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက် ၊ကျောင်းကြီးလမ်း၊ မဟာပုညော ပကာရဓမ္မာရုံ၌ ယနေ့နံနက် (၉း၀၀)အချိန်က မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
Aug 03,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်က မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမဆောင်၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုံပါကျင်မြို့၌ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့်အချက်များအား မြန်မာဘာသာနှင့် ရှမ်းဘာသာဖြင့် အသိပေးနှိုးဆော်
Aug 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီက မြို့ပေါ်ရပ်ကွက်အတွင်း မြန်မာဘာသာနှင့် ရှမ်းဘာသာဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ထိုးနှံပေးလျက်ရှိ
Aug 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှု မရှိစေရေးနှင့် ပိုမိုထိန်းချုပ် ကင်းစင်ပပျောက်နိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ယမန်နေ့နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စျေးတန်းရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ခန်းမတွင် လည်းကောင်း၊ ကျေးရွာများတွင် ကာကွယ်ဆေးမထိုးနှံ ရသေးသည့် အသက် ၆၅ နှစ်အထက် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတအသင်းများ၊ စားသောက်ဆိုင်၊ စျေးဆိုင်ခန်းရှိ စျေးရောင်း သူများအား နမ့်လွတ်ကျေးရွာအုပ်စု ကျောင်းတော်ဘုန်းကြီး ကျောင်းနှင့် ဟိုနမ့် ကျေးရွာအုပ်စု တိုက်နယ်ဆေးရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25867
Page
25868
Page
25869
Page
25870
Current page
25871
Page
25872
Page
25873
Page
25874
Page
25875
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department