ဟိုပင် ဖေဖော်ဝါရီ ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မူလွန်−မြစံပယ်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်တိုးတိုးမေ က ကလေး အလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်သည့် အကြောင်း သိကောင်းစရာများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ မီးဘေး၊ ရေဘေး၊ မိုးကြိုးဘေးနှင့် ငလျှင်ဘေးစသည့် ဘေးအန္တရာယ် ၈ မျိုးနှင့် ပတ်သက် ၍ ဆောင်ရန်၊ ရှောင်ရန် များနှင့် Coronavirus အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေး ပြောကြားပြီး မူလွန်−မြစံပယ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြကြည် က အသိပညာပေး ဟောပြောပွဲ များ ပြုလုပ်ပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲတွင် ဦးစီးမှူး ဒေါ်တိုးတိုးမေက ပုံပြင်ပြောပြခြင်းများ ဆောင်ရွက်ကာ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူ ၁၄၈ ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ သဘာဝဘေးအန္တရာယ် အသိပညာပေး ရွှေနဒီနံရံကပ်စာစောင်၊ တိုင်းရင်းသားရိုးရာ စာအုပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲတို့ကို ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။
တိုးတိုးမေ(ဟိုပင်)