Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကော်မတီမှ အလှူငွေကျပ် သိန်း(၅၀)လှူဒါန်း
Aug 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမကွက်သစ်ကျောင်းတိုက် အတွင်း တည်ဆောက်မည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံတည် ဆောက်နိုင် ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အလှူငွေ ကျပ်သိန်း(၅၀)လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်အတွင်း မြစ်ရေပြန်လည်ကျဆင်းပြီဖြစ်၍ ရေဘေးသင့်အိမ်ထောင်စုများ မိမိတို့ နေအိမ်များ သို့ ပြန်လည်ပြောင်းရွှေ့
Aug 06,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ တနင်္သာရီ မြစ်ရေကြီး လာပြီး စိုးရိမ်ရေအမှတ်(၁၇)ပေအ ထက်ကျော်လွန်နေမှုဖြစ်စဉ်ကြောင့် ယာယီရေ ဘေးကယ်ဆယ်ရေး စခန်းများနှင့် နီးစပ်ရာဆွေမျိုးများနေအိမ်သို့ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စုပေါင်း(၁၃၅)စုသည် ဩဂုတ်လ ၅ ရက်နေ့ကမိမိနေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့ခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှသူများနှင့် ကူညီပါဝင်ဆောင်ရွက်နေသူများ၏ စကားသံများ
Aug 06,2021
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ သီလရှင်၊ စေတနာ့ဝန်ထမ်းနှင့် သက်ကြီးဘိုးဘွားများအား ပထမအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီစတင်ကာ မြို့နယ်အတွင်းရှိ စုရပ် အဖွဲ့ ၆ ဖွဲ့ နေရာ ၆ နေရာတွင် ထိုးနှံပေးလျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် ကိုဗစ် ၁၉-ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ လှိုင်ပညာခန်းမ၌ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်အတွင်း ကာကွယ်ဆေးထိုး စုရပ်(၄)ခုမှာ (၃၂၂)ဦးအား၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့
Aug 06,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွားများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ သံဃာတော်နှင့် သာသနာအနွယ်ဝင်များနှင့် နိုင်ငံဝန်ထမ်းများ စသဖြင့် ဦးတည်အုပ်စုများအဖြစ် သတ်မှတ်ဆေးထိုးစုရပ်နေရာများမှာ တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီမှ ညနေ၄နာရီအထိ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၆၅) နှစ် အထက်ရှိသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများ…
Aug 06,2021
ယင်းမာပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမန်ကိုဟောနှင့်တွေ့ဆုံမေးမြန်း
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ထန်းတောရိုးကျေးရွာနေပြည်သူ(၂၆၄)ဦးတို့အား အကျိုးပြုမည့် အိမ်တိုင်ရာ ရောက်ရေပေး ဝေရေး လုပ်ငန်းများ(၉၀%)ဆောင်ရွက်ပြီးစီး
Aug 06,2021
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ရန်ပုံငွေဖြင့်ဆောင်ရွက်လျှက်ရှိသည့် ဇလင်းတောင်ကျေးရွာအုပ်စု၊ ထန်းတောရိုးကျေးရွာ အိမ်တိုင် ရာရောက်ရေးပေးဝေရေးလုပ်ငန်းပြီးစီးမှုအခြေအနေများကို၊ ဩဂုတ်(၅)ရက်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၊ ဘန်လောရွာ၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆိုင်ကယ်ပြင် သင်တန်းဆင်းပွဲ ပြုလုပ်
Aug 06,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေ ပုံမှန်ရရှိရေးအတွက် ရည်ရွယ်လျက်ဘန်လော ကျေးရွာအုပ်စု-ဘန်လောအရှေ့ရွာတွင် ဇူလိုင် ၅ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘန်လောအရှေ့ရွာဘက်စုံသုံး (CDD) ခန်းမအတွင်း ပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ ဦးကျော်ဇင်ဦးနှင့် ဝန်ထမ်းများ၊ ဘန်လောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် ရပ်မိရပ်ဖများ၊ ဆိုင်ကယ်ပြင် သင်တန်းသားများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25834
Page
25835
Page
25836
Page
25837
Current page
25838
Page
25839
Page
25840
Page
25841
Page
25842
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department