အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား ကုသနိုင်ရေး အတွက် လားရှိုးမြို့ရှိ ပညာရေးကောလိပ်တွင် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ ဖွင့်လှစ်ထား ရှိပြီး ပိုးတွေ့လူနာများ ၏ ကျန်းမာရေးနှင့် လိုအပ်ချက်များကိုဆောင်ရွက်နိုင်ရေးအတွက် ASIA ORACLE Co.,LTD မှ အလှူငွေကျပ်သိန်း (၅၀)ကို ယမန်နေ့ ညနေပိုင်းက ကုသရေး စင်တာသို့လှူဒါန်းခဲ့သည်။
Aug 06,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဩဂုတ်လ(၁)ရက်နေ့၌ စတင်၍ သတ်မှတ်ထားသော စုရပ်(၄)နေရာအလိုက် စတင်ထိုးနှံခဲ့ရာ ယနေ့နံနက်(၉)နာရီတွင် ရပ်ကွက်(၁၉)ရပ်ကွက်အလိုက်ပြည်သူများအား သတ်မှတ် ထားသော စုရပ်(၄)နေရာ၌ဆက်လက်ထိုးနှံခဲ့ပါသည်။
Aug 05,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်နှင့်အမှတ်(၉၂၄)ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်းဒေသ အတွက် လိုအပ်လျက်ရှိသော သားငါးဖြည့်တင်းနိုင်ရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် တစ်ပိုင်တစ်နိုင် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသူများအားကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
Aug 05,2021
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပဲခူးမြို့နယ်ရှိ အမှတ်(၁)အင်အားဖြည့်တင်းရေးနှင့် ပြန်လည် နေရာချထားရေးတပ်သို့ ရောက်ရှိခဲ့ပြီး စိုက်ပျိုးရေး/မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
Aug 05,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်(၁၉) ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများဝင်ရောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အောက်ဆီဂျင်(၄၀) လီတာဆန့်အိုးအလွတ် (၃၈၄၀)လုံး၊ အောက်ဆီဂျင် (၁၅)လီတာဆန့် အိုးအလွတ်(၅၀၀)လုံး၊ အောက်ဆီဂျင်(၈)လီတာဆန့်အိုးအလွတ်(၃၀၀)လုံး၊ နှာခေါင်းစည်း (Mask)(၈၄၂၃)ဖာ၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၂၄၅)လုံး၊ (Oxygen ReguLator) (၃၄၅)ဖာ၊ PPE ဝတ်စုံ(၆၀၀)ဖာ၊ (Mask Box)(၂၉၈)ဖာ၊ Oximeter(၁) ဖာလျှင် (၁၀၀)ခုပါ(၈)ဖာ ခေါင်းအစွပ်(၃၁၇)ဖာ၊ အပူချိန်တိုင်းကိရိယာ(၂၀၀)ဖာ၊ မျက်မှန်(၁၅၀)ဖာ၊ Repid Test (၈)ဖာ၊ အရက်ပြန်ဘူးခွံ(၇၃၀)ဖာတို့အား တင်ဆောင်လာသည့် မော်တော်ယာဉ်များ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
Aug 05,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှု အခြေအနေအား သွားရောက်ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပိုးတွေ့လူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အောက်စီဂျင်ထုတ်လုပ်နေသော နေရာများဖြစ်သည့် မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးရှိ အောက်စီဂျင် ထုတ်လုပ်နေမှု အခြေအနေနှင့် ပုဂ္ဂလိကစက်ရုံအနေဖြင့် ကျောက်တန်းစက်ရုံစုရှိ သံလွင်အောက်စီဂျင်ထုတ်စက်ရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
Aug 05,2021
 မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အား ကျန်းမာရေးဝန်ကြီးဌာနမှ သြဂုတ် ၄ ရက်နေ့မှ စတင်ကာ Stay at Home မြို့နယ်အဖြစ် ထုတ်ပြန်ခဲ့သည့်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက သတ်မှတ်ထားသည့်စည်းကမ်းချက်များကို လိုက်နာ မှု မရှိသူများအား အရေးယူဆောင်ရွက်ခြင်းကိုယနေ့နံနက်ပိုင်းမှစတင်ကာ ဘီးလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်း၊ အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်လေးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ် အားကစားရုံရှေ့တွင်  ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိသော ပရဟိတယာဉ်များတွင် စက်သုံးဆီများ အသုံးပြုနိုင်ရေးအတွက် လားရှိုးမြို့ စက်သုံးဆီ အရောင်းဆိုင်များက စက်သုံးဆီ ဂါလံ(၁၁၀၀) လှူဒါန်းခြင်းကို  ယနေ့ နံနက်(၁၁) နာရီအချိန်က သွားရောက်လက်ခံရယူခဲ့သည်။