အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2021
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအအကြိမ်အဖြစ် အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ဩဂုတ် ၆ရက်နေ့ နံနက် ၈နာရီအချိန်မှ စတင်ပြီး သတ်မှတ်စုရပ် နေရာအသီးသီးတွင် စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ထံက သိရသည်။
Aug 06,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် (၆၅) နှစ် အထက် ဘိုးဘွားများအား ယနေ့ နံနက် (၉) နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
Aug 06,2021
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၆ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 06,2021
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ပန်းတနော်မြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုအခြေအနေအား ယမန်နေ့ မွန်းလွဲ ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးပြီး အား‌ပေး စကားပြောကြားခဲ့သည်။
Aug 06,2021
မေး။ ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုမှာ ဆရာရဲ့ နာမည်လေးနဲ့ ဆရာပါဝင်ဆောင်ရွက်ရတဲ့အပိုင်းလေးကို ပြောပြပေးပါရှင်။ ဖြေ။ ကျွန်တော်ကတော့ မင်းဘူးပြည်သူ့ဆေးရုံမှာ တာဝန်ကျနေတဲ့ ကျန်းမာရေးမှူးအဆင့်(၁) ဦးလှိုင်မျိုးကျော်ပါ။ တာဝန်ယူဆောင်ရွက်ရတာ ကျွန်တော်တို့က ဒီမှာ ကာကွယ်ဆေးထိုးနှံမယ်ဆို မြို့နယ်ထွေအုပ်ရော၊ ဘာတွေရော သူတို့စီစဉ်ပြီး စာရင်းကောက်တာတွေရှိတယ်။ ကျွန်တော်တို့ကတော့ ကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ ဆရာ/ဆရာမတွေနဲ့ ချိတ်ဆက်ပြီးတော့ ကာကွယ်ဆေးထုတ်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းတွေ ပြင်ဆင်ဆောင်ရွက်ရတာပေါ့။
Aug 06,2021
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသူများကို ဦးတည်အုပ်စုများ အလိုက် Sinopharm အမျိုးစား ကာကွယ်ဆေးများကို ယမန်နေ့ နံနက် ၁ဝနာရီ အချိန်မှ စတင်၍ မလှိုင် အ.ထ.က. ကျောင်းဝင်း အတွင်း၌ ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်းသိရသည် ။
Aug 06,2021
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တရုတ်နိုင်ထုတ် (Sinopharm)ထိုးနှံရန်မြို့ပေါ်ရှိမိဘပြည်သူများအားအသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ ၅နာရီခွဲအချိန်တွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 06,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင် ရန်အတွက် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့် လည်အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များကမြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ သွားရောက်၍ ဆောင်ရွက်ခဲ့သည်။