အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ဆေးထိုးရန် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ အသက် ၆၅ နှစ်အထက် သက်ကြီး ရွယ်အိုများ၊ အသက် ၁၈ နှစ်အထက်ပြည်သူများနှင့် သကြားစက်ရုံမှဝန်ထမ်းများအား ယနေ့နံနက်(၉)နာရီမှစတင်၍ မိုင်းရယ်မြို့ ရပ်ကွက်(၁)ရှိ နမ့်ရယ်ခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးခဲ့သည်။
Aug 06,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦး စောမြင့်ဉီးသည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ မွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Aug 06,2021
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း အတွင်း ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရပြီး ဆေးကုသမှု ခံယူခဲ့ရသူ စုစု​ပေါင်း ၁၇၄ ဦးအား ယ​နေ့မနက် ၉ နာရီ အချိန်တွင် ဆန်ရိက္ခာ ထောက်ပံ့ပေးအပ်ခဲ့သည်။
Aug 06,2021
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ထပ်မံရောက်လာသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက် ၉ နာရီက စတင်၍ ဗန်းမော်မြို့၌ စုရပ်(၂)စုခွဲ၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 06,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထနေ့ဆက်လက်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ မြို့နယ်သာသနာ့ဗိမာန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမြို့နယ်ခန်းမတွင် ယနေနံနက်(၉:၀၀)နာရီက ထိုးနှံပေးပြီး ကျေးလက်ကျန်းမာရေးဌာနစုရပ်(၆)နေရာတွင် ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးခြင်းကို ဆောင်ရွက်ကြသည်။
Aug 06,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ပြည်နယ်အဆင့်အကြီးအကဲများ လိုက်ပါလျက် ယနေ့ မွန်းလွဲ၂နာရီ က ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်အတွင်းရှိ နားကုန်းဘုန်းတော်ကြီးကျောင်း ပရိယတ္တိ စာသင်တိုက်သို့‌ ရောက်ရှိခဲ့ကြပြီးဆွမ်းဆန်တော်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 06,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီက မြို့နယ် အတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ မြို့နယ်နှင့် အလှမ်းဝေးသော ကျေးရွာပေါင်း ၁၄ အုပ်စုရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ် ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။