အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ ဒုတိယအကြိမ် ရောက်ရှိလာသော ကာကွယ်ဆေးများကို ယနေ့နံနက်(၈)နာရီအချိန်မှစ၍ လားရှိုးမြို့ ပြည်သူ့ဆေးရုံ၊ သာသနာ့ဗိမာန်၊ အမှတ်(၃)၊ အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း၊ ရပ်ကွက်(၇) ရွှေကြယ်ခန်းမတို့တွင် ထိုးနှံပေးလျက်ရှိသည်။
Aug 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် စေတနာရှင်၊ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အလှူငွေနှင့် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံမှ သိရသည်။
Aug 06,2021
ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ CVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေး ကိစ္စအခက်အခဲများ တစ်စိတ်တစ်ဒေသအဆင်ပြေစေရန်ရည်ရွယ်ကာ မြို့ပေါ်ရပ်ကွက်တစ်ချို့ရှိ ဆိုင်ကယ်ကယ်ရီသမားများ၊ခ ခေါင်းရွက်ဗျတ်ထိုးဈေးသည်များအား ယမန်နေ့ နံနက်ပိုင်းက ကြက်ဥနှင့် ခေါက်ဆွဲခြောက် များကို မြို့ပေါ်ရပ်ကွက်လမ်းများပေါ်ရွှေ့လျားစနစ်ဖြင့်လိုက်လံ ထောက်ပံ့လှူဒါန်း လျှက် ရောဂါကာ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
Aug 06,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲက စတင်၍ ပြည်သူ့ကျန်းမာရေးစင်တာတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 06,2021
တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် အလှူငွေပေးအပ်လက်ခံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ၊ တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ဝန်ကြီးချုပ်ဦးမြတ်ကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ၊ စေတနာရှင်အလှူရှင်များတက်ရောက်ခဲ့ကြောင်းသိရသည်။
Aug 06,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ အားနိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
Aug 06,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့နံနက်၉နာရီက စတင်၍ မြို့နယ် ၂လမ်းခန်းမ၊ ရေငန်ကျေးရွာ၊ ရေကန်ကျေးရွာနှင့် မိုးအိုင်ကျေးရွာ ဆေးထိုးစုရပ်များ၌ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ရဟန်းသံဃာများပါ လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။