ပန်းတနော် သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ပန်းတနော်မြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုအခြေအနေအား ယမန်နေ့ မွန်းလွဲ ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးပြီး အားပေး စကားပြောကြားခဲ့သည်။
ပန်းတနော်မြို့ ရန်ကုန်- ပုသိမ်ကားလမ်းဘေးတွင် အောင်သပြေကုမ္ပဏီ မိသားစုတို့က လှူဒါန်းသည့် အောက်စီဂျင်စက်ရုံတည်ဆောက်ရာသို့ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အစိုးရ အဖွဲ့ဝင်တာဝန်ရှိများရောက် ရှိလာပြီး စက်ရုံတည်ဆောက်ရေးတာဝန်ခံဦးတင်စိုးမှ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး မြို့နယ် ဆရာဝန်ကြီး၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့်တွေ့ဆုံကာ လမ်းညွှန်အားပေးစကားပြောကြားခဲ့ပြီး အောက်ဆီဂျင်အိုး (၄၀လီတာ) (၁၀) လုံးနှင့်အလှူငွေ (၅) သိန်းကျပ်အား ဝန်ကြီးချုပ်မှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)