ဆွမ်ပရာဘွမ်မြို့နယ်၌ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm)ထိုးနှံရန်အသံချဲ့စက်ဖြင့်လှည့်  လည်နှိုးဆော်ခြင်းဆောင်ရွက်

 

ဆွမ်ပရာဘွမ် သြဂုတ် ၆

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တရုတ်နိုင်ထုတ် (Sinopharm)ထိုးနှံရန်မြို့ပေါ်ရှိမိဘပြည်သူများအားအသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ ၅နာရီခွဲအချိန်တွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့များဦးဆောင်၍ ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်များနှင့်အညီမြို့ပေါ်ရပ်ကွက် လမ်းဆုံလမ်းခွများ၊ လမ်းသွားလမ်းလာများသော နေရာ များ၊ပြည်သူကြားသိနိုင်သောနေရာများတွင်အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးရွယ်အိုများ၊နိုင်ငံ့၀န်ထမ်းများ၊ဘာသာရေးအဖွဲ့အစည်းများ၊ Valunterများ၊ စည်ပင်စျေးတွင်စျေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါကာ ကွယ်နှုန်းလျှော့ချစေရန်မိမိတို့ကိုယ်တိုင်ကာကွယ်မှုဖြင့်ပူးပေါင်းပါ၀င်ကြရန်နှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တရုတ်နိုင်ငံထုတ်(Sinopharm)ထိုးနှံခြင်းကို၄-၈-၂၀၂၁ရက်နေ့မှ၇-၈-၂၀၂၁ရက်နေ့ထိမြို့နယ်ဘန်ရူခန်းမတွင် နံနက်၈နာရီမှနေ့လည်၁၂နာရီထိထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါလှည့်လည်ခြင်းလုပ်ငန်းတွင်မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မ တီများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဒေါ်ကုဋေသန်းသန်းဌေး၊မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးနေလင်းအောင်၊ရပ်ကျေးစာရေးများ၊ရပ်ကွပ်အုပ်ချုပ်ရေးမှူးများပါ၀င်နှိုးဆော်ခဲ့​ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်(ပြန်/ဆက်)