ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် အသက် ၆၅ နှစ်အထက် အဘိုးအဘွားများဆက်လက်ထိုးနှံ

ညောင်ဦး  ဩဂုတ်  ၆

 

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအအကြိမ်အဖြစ် အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ဩဂုတ် ၆ရက်နေ့ နံနက် ၈နာရီအချိန်မှ စတင်ပြီး သတ်မှတ်စုရပ် နေရာအသီးသီးတွင် စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ထံက သိရသည်။

 

ညောင်ဦးခရိုင်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၃၂၀၀ဦး ထိုးနှံ ပေးခဲ့ပြီးဖြစ်ကာ ၊ ဒုတိယအကြိမ်အဖြစ် သတ်မှတ်စုရပ် နေရာအသီးသီးတွင်ထိုးနှံပေးနေ ပြီဖြစ်ကြောင်းသိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆေးလုံးရေ ၂၀၀၀လုံး၊ ညောင်ဦးမြို့နယ်တွင် ဆေးလုံးရေ ၁၆၀၀လုံးဖြင့် သတ်မှတ်စုရပ်များတွင်မြို့ပေါ်/ရပ်ကွက် /ကျေးရွာများကို အကြောင်းကြားဆင့် ခေါ်ထား သည့် အတိုင်း စနစ်တကျဖြင့်စတင်ထိုးနေ ပြီဖြစ်ကြောင်းသိရသည်။

 

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုအသက်၆၅နှစ်အထက် ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ အားသတ်မှတ်စုရပ် ၁၂ နေရာ တွင် တာဝန်ရှိသူများက တစ်ပြိုင်နက်တည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်း များ ဆောင်ရွက်ကာ  ပုံမှန်အ နေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း ၊ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် သတ်မှတ်နေရာ ငါးနေရာထိုးနှံပေးလျှက်ရှိရာ ဘူတာရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော်ကြီးနှင့် လွတ်လပ်ရေး/မြို့မရပ်ရှိအခြေခံပညာအထက်တန်းကျောင်း တို့တွင် ထိုးနှံပေးခြင်း၊ ညောင်ဦးမြို့နယ်တွင် အနော်ရထာခန်းမတွင် သတ်မှတ်နေရာ ခုနှစ်နေရာတို့တွင် ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။ ယနေ့အထိ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ၃၂၀၀ ဦးထိုးပေးပြီး ဖြစ်ကာ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံပေး လျက်ရှိ ကြောင်း သိရပြီး ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌတို့မှ ဆေးထိုးနှံမှုစနစ်တကျရှိစေရေး ဌာန ဆိုင်ရာဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုအကျိုးပြုပရဟိတအဖွဲ့များက ကူညီ ဆောင်ရွက် လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

ကိုထိန်၊ KPD