စဉ့်ကိုင်မြို့နယ် အတွင်းရှိ အသက်(၆၅) နှစ်အထက် ဘိုးဘွား များအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

စဉ့်ကိုင် သြဂုတ် ၆

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ဒုတိယမြို့နယ် ပြည်သူ့  ကျန်းမာရေးမှူး ဒေါက်တာသိမ့်အိသူနှင့် ကျန်းမာရေး ၀န်ထမ်းများက အဖွဲ့(၃)ဖွဲ့ခွဲ၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ သုခဒါန ပရဟိတအဖွဲ့၀င်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ  ပူးပေါင်း၍ မီးသွေးဘုတ်အုပ်စု၊ ကြက်မျှားအုပ်စု၊ တောမအုပ်စု၊ ဘယ်လင်း အုပ်စု၊ ၀န်းသိုအုပ်စု၊  တောင်ရင်းအုပ်စု၊  ခံလူးအုပ်စု၊  ကြက်စိမ့်ကျေးရွာ အုပ်စုများအတွင်းရှိ(၆၅)နှစ်အထက် ဘိုးဘွားများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask  စနစ်တကျ တပ်ဆင်စေခြင်း ဆေးမထိုးရ အုပ်စု  မှန်မမှန် စီစစ်ပြီး ကာကွယ်ဆေးထိုးပြီးလျှင် ဆေးနှင့်ဓာတ်မတည့်ခြင်း၊ ဘေးထွက် ဆိုးကျိုး လက္ခဏာများ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ချက်ခြင်းအရေးပေါ်တုံ့ပြန်နိုင်ရန်အတွက် မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ် ကြည့်ရှုပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ စီစဉ်ဆောင်ရွက်ထားရှိပြီး စဉ့်ကိုင် မြို့နယ်အနေဖြင့် ကာကွယ်ဆေးအလုံးရေ(၈၀၀) ရရှိ၍  လူဦးရေ(၁၆၀၀) ထိထိုးနှံပေးသွားမည်ဖြစ်ကြောင်း  ဇူလိုင်  (၃၁)ရက်​နေ့မှ စတင်ထိုးနှံ ပေးခဲ့ရာ လူဦးရေ(၇၄၈) ဦး၊ ဆေးတစ်လုံးလျှင် (၂)ဦးနှုန်းဖြင့်  ဆေးအလုံးရေ  (၃၇၄)  လုံး ထိုးနှံပေးပြီးဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းများကို သြဂုတ်လ (၇) ရက်နေ့တွင်လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဝင်းဝင်းသန်း