မိုးမောက် သြဂုတ် ၆
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ဒုတိယအသုတ် ရရှိသောကိုဗစ်−၁၉ ကာကွယ်ဆေး (SINOPHARM) ထိုးနှံခြင်းကို ယနေ့ နံနက် ၉နာရီက မိုးမောက်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရ သည်။
အဆိုပါ ဒုတိယအသုတ် ထပ်မံရောက်ရှိလာသော ကိုဗစ်−၁၉ ကာကွယ်ဆေး (SINOPHARM) အလုံးရေ(၃၀၀)ကို ဗန်းမော်မြို့နယ် အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်းမှ ဗိုလ်ကြီး ထူးအောင် ချိုက ဦးဆောင်၍ မိုးမောက်မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ကျန်းမာရေးမှူး အဆင့် (၁)ဦးစန်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက မိုးမောက်မြို့အတွင်းရှိ အသက် ၆၅နှစ်နှင့် အထက်ပြည်သူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ ၊ Volunteer/ ပရဟိတအဖွဲ့ဝင် များ၊ ဘိုးဘွားရိပ်သာ၊ သံဃာတော်များ /သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ /ပုဂ္ဂလိက ဘဏ်ဝန် ထမ်းများ၊ ဟိုတယ်မိုတယ်/တည်းခိုခန်း၊ အကျဉ်း/အချုပ်သားများ၊ ပုဂ္ဂလိက ပို့ဆောင်ရေး အဖွဲ့အစည်းများ ၊ ပုဂ္ဂလိကစက်ရုံ /အလုပ်ရုံ ဝန်ထမ်းများ ၊ Super Marker /စျေး စသည်ဖြင့် အုပ်စု(၁၂)စုခွဲ၍ ဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)စနစ်တကျတပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊စနစ်တကျ မှတ်တမ်းတင ်ရေးသွင်းခြင်းများပြုလုပ်ပြီး ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (SINOPHARM)ကို ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကိုဗစ်−၁၉ကာကွယ်ဆေးကို ဇူလိုင် ၃၁ ရက်နေ့မှ စတင်၍ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြို့နယ်ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက နေ့စဉ်ကြီးကြပ်ပေးလျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များက ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သဲစုမိုး