လားရှိုး ဩဂုတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ ဒုတိယအကြိမ် ရောက်ရှိလာသော ကာကွယ်ဆေးများကို ယနေ့နံနက်(၈)နာရီအချိန်မှစ၍ လားရှိုးမြို့ ပြည်သူ့ဆေးရုံ၊ သာသနာ့ဗိမာန်၊ အမှတ်(၃)၊ အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း၊ ရပ်ကွက်(၇) ရွှေကြယ်ခန်းမတို့တွင် ထိုးနှံပေးလျက်ရှိသည်။
ယခုထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် Sinopharm အမျိုး အစားဖြစ်ပြီး ကာကွယ်ဆေးတစ်လုံးလျင် လူ(၂)ဦးထိုးနှံနိုင်၍ အသက်(၆၅) နှစ်အထက်ပြည်သူများကို ဦးစား ပေးထိုးနှံပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေးမထိုးနှံရသေးသည့် နိုင်ငံဝန်ထမ်းများ၊ ပရဟိတအသင်း အဖွဲ့များ စျေးရောင်းသူများ၊ စားသောက်ဆိုင်/လက်ဖက်ရည်ဆိုင် ဝန်ထမ်းများ၊ တည်းခိုခန်း/ဟိုတယ် ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံများနှင့် ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်များကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
ယနေ့ ကာကွယ်ဆေးထိုးနှံပေးသောသူများအား ကာကွယ်ဆေးမထိုးနှံမှီ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ဖျားနာခြင်းမရှိသောသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ဥမ္မာချို