ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးပေး

ပြည်ကြီးမဏ္ဍိုင် သြဂုတ် ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲက စတင်၍ ပြည်သူ့ကျန်းမာရေးစင်တာတွင် ဆောင်ရွက်ပေးလျက်ရှိသည်။  

ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းကို   ကျန်းမာရေးမှူးနှင့်   ဝန်ထမ်းများက ဆောင်ရွက် ပေးကာ မွေးကင်းစကလေးငငယ်များ (ဆိုဆို့နာ၊ ကြက်ညှာချောင်းဆိုး၊   ဦးနှောက်အမှေးရောင်၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုးရောဂါ စသည့် (၅)မျိုးစပ် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ  သြဂုတ်လ ၅ရက်နေ့က ကလေး(၂၂)ဦး၊ ကိုယ်ဝန်ဆောင် မိခင်(၉)ဦး ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ယနေ့ကျန်ရှိသူများကို ဆက်လက်ထိုးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ကျန်းမာရေး ဌာနက လစဉ်လဆန်းပိုင်း တစ်ရက်နေ့မှ ၅ရက်နေ့အတွင်း ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးမှူးထံမှ သိရသည်။

မျိုးလွင်