မြစ်သားမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၁၀၀)ဦးအား ထောက်ပံ့ငွေများပေးအပ်

မြစ်သား  သြဂုတ်  ၆

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ အားနိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ပေးခြင်း အစီအစဉ်အရ  အသက် (၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်(ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) လအတွက် တစ်လလျှင်ငွေကျပ် (၁၀၀၀၀)နှုန်းစီဖြင့် သုံးလစာအတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းစီ ထောက်ပံ့ပေးခြင်းဖြစ်ပြီး မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်စု(၉၀) အုပ်စုမှသက်ကြီးဘိုးဘွား(၁၁၀၀)ဦးအတွက်စုစုပေါင်းငွေကျပ်(၃၃၀၀၀၀၀၀/-) (ကျပ်သိန်းသုံးရာသုံးဆယ် တိတိ)ကိုသက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မြို့နယ် အထွေထွေအုပ်ချုပ်​ရေး ဦးစီးဌာနရုံးသို့ လာရောက်ထုတ်ယူခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ သက်ကြီး ဘိုးဘွားများ၏နေအိမ်သို့သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြမြမွန် (မြစ်သား)