အမြို့မြို့အနယ်နယ်သတင်းများ

Aug 14,2021
တကောင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားအိမ်ထောင်စုများအား ဆန်များထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့ပေါ်ရှိ အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်များ၌ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ အသက်(၆၅)နှစ်အထက် ဘိုးဘွားများ၊ သံဃာတော်၊ သီလရှင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ အပါအဝင် လူဦးရေ (၅၃၉၉)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
Aug 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများအတွက် တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ Immurich ဆေးဝါးများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန် က မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဦးအောင်မြတ်ခန်းမတွင် ယနေ့ နံနက် ၉ နာရီမှစတင်၍ အသက် ၁၈ နှစ်နှင့်အထက်  ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများအား ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ယနေ့ နံနက် ၈ နာရီ မှ ညနေ ၃ နာရီ အထိ  မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို စုရပ် ၃ ခုတွင်  ဆက်လက်၍ လူဦးရေ ၁၀၀၀ ဦး ကို  ထိုးနှံပေလျက်ရှိကြောင်း သိရသည်။
Aug 14,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက သရက်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၊ ကမ်းနားလမ်းတစ်လျှောက်ရှိ ဇက်ဆိပ်နှင့် မော်တော်ဆိပ်တို့တွင် နေအိမ်ပြင်ပသို့ သွားလာရာတွင် သတ်မှတ်စည်းကမ်းချက်များလိုက်နာမှု ရှိ/ မရှိနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
Aug 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က နယူးစတားလိုက်ဆောက်လုပ်ရေးကုမ္ပဏီမှ တန့်ယန်းမြို့ရှိ ဘုန်းကြီးကျောင်း/ သီလရှင်ကျောင်းများအတွက် ဆန်၊ စားသောက်ကုန်များနှင့် လားရှိုး ကိုဗစ်-၁၉ရောဂါ ကြပ်မတ် ကုသရေးစင်တာသို့အလှူငွေများ လှူဒါန်းပေးခဲ့သည်။
Aug 14,2021
တန့်ဆည် မြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ် (၁၄)ရက်နံနက်(၈)နာရီက ဦးစားပေးအစီအစဉ်လိုက် မြို့တော်ခန်းမတွင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။