သရက်ချောင်း ဩဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများအတွက် တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ Immurich ဆေးဝါးများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန် က မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ခိုင် က ထောက်ပံ့လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် Immurich ဆေးဝါးများကို တနင်္သာရီတိုင်းဒေသကြီး ဆောင်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမောင်မောင်ခိုင်မှ ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဝင်းဇော်ဦး က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဝင်းဇော်ဦး မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သရက်ချောင်း (ပြန်/ဆက်)