ဝက်လက် သြဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ယနေ့ နံနက် ၈ နာရီ မှ ညနေ ၃ နာရီ အထိ မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို စုရပ် ၃ ခုတွင် ဆက်လက်၍ လူဦးရေ ၁၀၀၀ ဦး ကို ထိုးနှံပေလျက်ရှိကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးရာတွင် အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင်ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွား ရိပ်သာမှ သက်ကြီးဘိုးဘွားများ၊ ကာကွယ်ဆေးမထိုးရသေးသည့် နိုင်ငံ့ဝန်ထမ်းများ ၊ ဘုန်းတော်ကြီး များနှင့် သီလရှင်းများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်အဆင့် ကိုဗစ် - ၁၉ ထိန်ချုပ်ရေး နှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ မှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းကာ၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
စိုးစိုးလှိုင် (ဝက်လက်)