အမြို့မြို့အနယ်နယ်သတင်းများ

Aug 14,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နှင့်မြေပုံမြို့နယ်များအတွင်းရှိ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် ခရိုင်အတွင်းရှိ မြို့နယ်များတွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ သွားရောက်ပြီး  ယနေ့နံနက် ၁၀ နာရီက  ပြည်သူများသိရှိလိုက်နာနိုင်ရန်နှင့်ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာအသိပေးချက်များအား မြို့တွင်း အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
Aug 14,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြပ်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ ဆရာတော် သံဃာများ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ အခြားအသင်းအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နေ့လည် ၁၂ နာရီအချိန် က ပင်လည်ဘူးမြို့ အ-ထ-က ဦးအောင်မြတ် ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 14,2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက်ရှိ ချို့တဲ့အိမ်ထောင်စု (၂၅၀)ထံ သို့ ဆန်များ ထောက်ပံ့ပေးအပ်ခြင်းကို တေဇရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဩဂုတ်၁၄ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ လှူဒါန်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ပြီး တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်နှုန်းဖြင့် အိမ်ထောင်စု(၂၅၀)ထံသို့ ဆန်(၇၅၀)ပြည်အား အသီးသီးပေးအပ်လှူဒါန်း ခဲ့‌ကြောင်း သိရသည်။
Aug 14,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် အတွက် အဆောက်အဦ အုတ်မြစ်ချ မင်္ဂလာ အခမ်းအနားကို    သြဂုတ်လ (၁၃) ရက်နေ့ နံနက် ( ၁၀)နာရီက  ကမာဝက်မြို့ တိုက်နယ်ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 14,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မရပ်ကွက်ရှိ အိမ်ထောင်စု (၂၇၀)စုတို့အား ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်း က မြို့မရပ်ကွက် အုပ်ချုပ်ရေးရုံးရှေ့တွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Aug 14,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် နတ်မောက်မြို့နယ် အတွင်းရှိ ၂၀၂၀ ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊ နွားစာပြောင်းများအနက် မိုးနှမ်း (၁၀၀၂၀.၂၈) ဧကနှင့် မြေပဲ (၇၂.၂၁)ဧက၊ စုစုပေါင်းဧက (၂၂၀၀၄.၅၅) ဧကအတွက် တောင်သူဦးရေ (၅၉၁၁)ဦးအား ဆဌမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နေ့လည် (၁)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 14,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့မိမြို့ဖများ၊ ပရဟိအဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် အောက်ဆီဂျင် စက်ရုံတည်ဆောက်လျက်ရှိရာ ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းအောက်ဆီဂျင်စက်မှာ 30 M.3/hr Oxygen Generation Plant အမျိုးအစားဖြစ်ပြီး တစ်နာရီလျှင် (၄၀) လီတာဆံ့ အောက်ဆီဂျင်အိုး အလုံးရေ (၅) လုံးထွက်ရှိမည်ဖြစ်သည်။