တကောင်း ဩဂုတ် ၁၄
တကောင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားအိမ်ထောင်စုများအား ဆန်များထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့ပေါ်ရှိ အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်များ၌ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း Stay at Home ကာလသတ်မှတ်ထားသော ကြောင့် ဆွမ်းအခက်အခဲမဖြစ်စေရန် ဘုန်းကြီးကျောင်းများသို့ ဆန်အိတ် (၁၂)အိတ်နှင့် ဝင်ငွေမရှိ၍ စားဝတ်နေရေး အခက်အခဲဖြစ်နေသော ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၄၀၀)စုတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၃) ပြည်စီတို့ကို ရပ်မိ၊ ရပ်ဖဦးကျော်ကျော်နှင့် အဖွဲ့ဝင် များမှ အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့လှူဒါန်းပေးကြသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းသည့် ဆန်အိတ် (၆၂)အိတ်ကို အမှတ် (၂)ရပ်ကွက်ရှိ အလှူရှင် ဦးချစ်ငွေ+ဒေါ်လုံး (ဂိုးလ်ဒင်းဟဲစတိုး) မိသားစုတို့မှ ထောက်ပံ့လှူဒါန်းပေးခြင်းဖြစ်ပြီး မြို့မိမြို့ဖ ဦးကျော်ကျော်မှ ဦးဆောင်ကာ အဖွဲ့ဝင်များက အလှူရှင်ကိုယ်စား ထောက်ပံ့ကူညီလှူဒါန်းပေး ခဲ့ကြောင်း သိရသည်။
မြိုနယ် (ပြန်/ဆက်)