ဝန်းသိုမြို့နယ်တွင် အသက် ၁၈ နှစ်နှင့် အထက် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူ ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ဝန်းသို ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဦးအောင်မြတ်ခန်းမတွင် ယနေ့ နံနက် ၉ နာရီမှစတင်၍ အသက် ၁၈ နှစ်နှင့်အထက်  ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများအား ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။

ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm) ကို ဦးရေ ၁၀၀၀ အတွက် ဆေးအလုံးရေ ၅၀၀ ရရှိခဲ့​ခြင်းဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံရာတွင်​ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီစနစ်တကျရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့များက ဝိုင်းဝန်းပူး​ပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်မြိုင်