လားရှိုး ဩဂုတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က နယူးစတားလိုက်ဆောက်လုပ်ရေးကုမ္ပဏီမှ တန့်ယန်းမြို့ရှိ ဘုန်းကြီးကျောင်း/ သီလရှင်ကျောင်းများအတွက် ဆန်၊ စားသောက်ကုန်များနှင့် လားရှိုး ကိုဗစ်-၁၉ရောဂါ ကြပ်မတ် ကုသရေးစင်တာသို့အလှူငွေများ လှူဒါန်းပေးခဲ့သည်။
ရှေးဦးစွာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြား ခဲ့ပြီး မူဆယ်ဗဟိုစီးပွားရေးဇုံစီမံကိန်း၊ နယူးစတားလိုက်ဆောက်လုပ်ရေးကုမ္ပဏီမှ လှူဒါန်းသော ဆန်၊ စားသောက်ကုန်များနှင့် အလှူငွေများကို လက်ခံရယူပေးခဲ့သည်။ အဆိုပါလှူဒါန်းရာတွင် ဆန်(၂၀၀) အိတ်၊ ဆီ(၆၀)ပိဿာ၊ ဆား(၆၀)ပိဿာ၊ ကြက်သွန်နီ(၅၀၀)ပိဿာ၊ ကြက်သွန်ဖြူ(၄၀)ပိဿာ၊ ငရုတ်သီး ခြောက် (၂၀)ပိဿာ၊ အာလူး(၅၀၀)ပိဿာ၊ ကုလားပဲ(၁၀)အိတ်၊ ကြာဇံ(၁၀၀)ပိဿာ၊ ခရမ်းချဉ်သီး (၁၂၀)ပိဿာ၊ အရောင်တင်မုန့်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ သွားတိုက်တံ များနှင့် လားရှိုး ကိုဗစ်-၁၉ ကြပ်မတ် ကုသရေးစင်တာသို့ အလှူငွေကျပ်သိန်း(၃၀)ကို လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။
ဥမ္မာချို