တန့်ဆည် ဩဂုတ် ၁၄
တန့်ဆည် မြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ် (၁၄)ရက်နံနက်(၈)နာရီက ဦးစားပေးအစီအစဉ်လိုက် မြို့တော်ခန်းမတွင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
“ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ရဟန်း၊ သံဃာ၊ သီလရှင်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့၊ စေတနာ့ဝန်ထမ်းများ၊ ဈေးသည်များအား လူမျိုးမရွေး ဘာသာမရွေး ဆေးရရှိတဲ့အပေါ် မူတည်ပြီး ထိုးနှံပေးလျက်ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဟာ အများနဲ့ဆိုင်တဲ့ ရောဂါဖြစ်လို့ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပူးပေါင်းပါဝင်ပြီး လာရောက် ထိုးနှံကြဖို့တိုက်တွန်းလိုပါတယ်၊ ဆေးထိုးရာ မှာလူစုလူဝေးမဖြစ်စေရေးအတွက် စာရင်းရေးသွင်းရန ်နေရာ(၄)နေရာ၊ ဆေးထိုးအဖွဲ့(၄) ဖွဲ့ခွဲပြီးဆောင်ရွက်ပေးလျှက်ရှိပါတယ် "ဟု မြို့နယ်ကိုဗစ် ၁၉ရေဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီဝင်တစ်ဦးကပြောပြသည်။
တန့်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံး(၅၀၀) လူဦးရေ ၁၀၀၀ ကို သြဂုတ် ပထမပတ်တွင်လည်းကောင်း၊ ယနေ့တွင် လူဦးရေ ၁၀၀၀ကို ဦးတည်အုပ်စုအလိုက် ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီထံမှ သိရသည်။
မြို့နယ်ပြန်ဆက်