သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုးများလှူဒါန်း

 

သဲကုန်း  သြဂုတ်  ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံအတွက် ပုတီးကုန်းမြို့အောင်နိုင်ရိုးမသစ္စာဆန်စက်မှ အောက်ဆီဂျင်အိုး(၈)လုံးပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် ပုတီးကုန်းမြို့အောင်နိုင်ရိုးမသစ္စာဆန်စက်မှ တာဝန်ရှိသူများမှ ၄၀ လီတာ အောက်ဆီဂျင်အိုးများကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးယဉ်ထွေး၊ ဗိုလ်မှူးအောင်ဝင်းထွန်းနှင့် အဖွဲ့ဝင်များမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)