စဉ့်ကိုင် သြဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး(၂၈)ရက် ပြည့်ပြီးသူများကို ဒုတိယကြိမ်အဖြစ် ယနေ့ နံနက် (၉) နာရီခွဲမှ စတင်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန နှင့် ဘယ်လင်းအကျဉ်းဦးစီးဌာန တို့တွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် စနစ်တကျ ဖြစ်စေရေးအတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဒုတိယမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ)နှင့် ကျန်းမာရေး၀န်ထမ်းများ၊ ဘယ်လင်းအကျဉ်း ဦးစီးဌာနတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး မှူးအဆင့်(၁) ဒေါ်ယဉ်နွယ်မြင့် နှင့် ကျန်းမာရေး၀န်ထမ်းများ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ၀န်ထမ်းများ၊ အကျဉ်းဦးစီးဌာနမှတာ၀န်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့မရပ်ကွက်၊ မြို့သစ်ရပ်ကွက် ၊ ရန်အောင်မြင်ရပ်ကွက်၊ ရန်နိုင်ရပ်ကွက်၊ တရုတ်စုရပ်ကွက်နှင့် ပလိပ်ကျေးရွာအုပ်စု အတွင်းရှိ အသက်(၆၅)နှစ် အထက်အဘိုး၊ အဘွားများအား ကျန်းမာရေး၀န်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဦးစားပေးအုပ်စုအလိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ကာကွယ်ဆေး အလုံးရေ (၁၆၀၀)အား တစ်လုံးလျှင်တစ်ဦးနှုန်းဖြင် လူဦးရေ(၁၆၀၀) အား ထိုးနှံပေးသွားမည်ဖြစ်ရာ သြဂုတ်လ(၃၀)ရက်နေ့အထိ အသက်(၆၅)နှစ်နှင့် အထက်အဘိုးအဘွား(၂၀၅)ဦး၊ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁) မှ အကျဉ်းသား (၁၇၁) ဦး၊ အကျဉ်းဦးစီးဌာန အမှတ်(၂)မှ အကျဉ်းသား(၁၂၂)ဦးစုစုပေါင်း(၄၉၈)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)