ကျောက်ဆည်မြို့နယ်တွင် ဆီထွက်သီးနှံများကို လျာထားဧကထက် (၆၁)ဧကပိုမိုစိုက်ပျိုးနိုင်

ကျောက်ဆည် ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ဆီထွက် သီးနှံများဖြစ်သည့် နှမ်း၊ နေကြာ၊ မြေပဲ သီးနှံများစိုက်ပျိုးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံများကို လျာထားဧကထက်(၆၁)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

ထို့ပြင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်းသီနှံကို တိုက်နယ်(၁)တွင်(၅၇၃)ဧက၊ တိုက်နယ်(၂)တွင (၇၄၇)ဧက၊ တိုက်နယ်(၅)တွင်(၆၅)ဧက၊ တိုက်နယ်(၆)တွင်(၂၄၉)ဧက၊ တိုက်နယ်(၇)တွင် (၁၄၈)ဧက၊ တိုက်နယ်(၈)တွင်(၂၂၆)ဧက၊ တိုက်နယ်(၁၀)တွင်(၂၅)ဧက၊ တိုက်နယ်(၁၁)တွင် (၁၅၅)ဧက၊ တိုက်နယ်(၁၂)တွင်(၁၃၄၅)ဧက စိုက်မျိုးနိုင်ခဲ့ပြီး မြေပဲသီးနှံကို တိုက်နယ်(၁)တွင် (၅၂)ဧက၊ တိုက်နယ်(၂)တွင် (၄၆)ဧက၊ တိုက်နယ်(၇)တွင်(၁၆၂) ဧက၊ တိုက်နယ်(၁၂)တွင်(၂၀)ဧကနှင့် နေကြာသီးနှံကို တိုက်နယ်(၁)တွင် (၇၁၁)ဧက၊ တိုက်နယ်(၂)တွင်(၃၁)ဧက၊ တိုက်နယ်(၄)တွင်(၄၅)ဧက၊ တိုက်နယ်(၆)တွင်(၅၀)ဧက၊ တိုက်နယ်(၇) တွင်(၈၂)ဧက၊ တိုက်နယ်(၈)တွင်(၁၀၇၉)ဧက၊တိုက်နယ်(၁၂)တွင်(၁၄၉)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် နှမ်းသီးနှံ(၄၀၅၇)ဧက၊ မြေပဲသီးနှံ(၂၈၀)ဧက၊ နေကြာသီးနှံ(၂၃၀၁)ဧက စုစုပေါင်း(၆၆၃၈)ဧက စိုက်ပျိုးရန် လျာထားခဲ့သော်လည်း နှမ်းသီးနှံ(၄၀၂၁)ဧက၊ မြေပဲသီးနှံ(၃၉၀)ဧက၊ နေကြာ သီးနှံ(၂၂၉၇)ဧက စုစုပေါင်း(၆၆၉၉)ဧက စိုက်ပျိုးနိုင်သဖြင့် လျာထားဧကထက် (၆၁)ဧက ပိုမိုစိုက်ပျိုး နိုင်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)