စစ်ကိုင်း ဩဂုတ် ၃၁
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ စက်မှုကုန်ကြမ်းသီးနှံ ဝါသီးနှံ တိုးချဲ့စိုက်ပျိုး ရေးနှင့်အထွက်နှုန်းတိုးတက်ရေး ပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပညာပေးသင်တန်ဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ကြည်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်ဦးက ပညာပေးသင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားကာ ဒုတိယဦးစီးမှူး ဒေါ်နွဲ့နွဲ့အေးက ဝါသီးနှံတိုးချဲ့စိုက်ပျိုးရာတွင် စတင်စိုက်ပျိုးချိန်မှ ဝါသီးနှံ ကောက်သိမ်းချိန်အထိ ဆောင်ရွက်သွားရမည့်နည်းလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများအား ဝါသီးနှံမျိုးစေ့များကို ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက တစ်ဦးချင်းလက်ဝယ်အရောက်ပေးအပ်ခဲ့ကြပြီး ပြသထားသည့် မျိုးစေ့များကို ကြည့်ရှုကြရာ မြို့နယ်ဦးစီးမှူးက ရှင်းလင်းပြသပေးခဲ့သည်။
အဆိုပါပညာပေးသင်တန်းကို တစ်ရက်တာပို့ချပေးခဲ့ပြီး စစ်ကိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့်အဖွဲ့များ၊ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံများ ကျေးရွာတောင်သူများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင်