မောင်တော ဩဂုတ် ၃၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး မောင်တောပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ယမန်နေ့တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ(၂)ဦးမှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများသည် မောင်တောမြို့ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့်ဆောင် တွင် ကျန်းမာရေး စောင့် ရှောက်မှုရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက် နေ့ မှ ဩဂုတ် ၃၀ ရက်နေ့ ညနေ ၆ နာရီအချိန်ထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း(၄၈၀)ဦးရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြု လူနာများအနက် (၄၅၅)ဦးမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှု မရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသ (၁၈)ဦးရှိကြောင်းနှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံယူနေသူ (၇)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)