သုံးခွ ဩဂုတ် ၃၁
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အမှတ်၁၁ရပ်ကွက် ဆိပ်ကမ်းသာလမ်း (မှော်၀င်းချောင်း)အတွင်း ယနေ့နံနက်၈နာရီခွဲ အချိန်က ငါးအကောင်ရေ (၇၅၀၀၀၀) အားငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ရာတွင်အမှတ်၁၁ရပ်ကွက်ဆိပ်ကမ်းသာလမ်း (မှော်၀င်းချောင်း)အတွင်း လေးထောင့်ကန်စခန်းမှ ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ(၄၀၀၀၀၀)၊ လှော်ကားစခန်းမှ (၃၅၀၀၀၀)၊ စုစုပေါင်းငါးအကောင်ရေ (၇၅၀၀၀၀)အား ငါးသယံဇာတမပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံစေရေး ငါးစားသုံးမှု မြင့်မားလာစေရေးအတွက်ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးမြင့်ရွှေ၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးတင်ထွဋ် ၊ခရိုင်ဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုး၊ မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်နှင့်၀န်ထမ်းများ၊ ငါးမျိုးစိုက်ထည့်ရေးကြီးကြပ်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများက ငါးသားပေါက်များ လွှတ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်