တနင်္သာရီ ဩဂုတ်လ ၃၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အတွင်းအသက်(၆၅)နှစ်နှင့်အထက် အဘိုးဘွားများ၊ သာသနာ့ အနွယ်ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များစသဖြင့် ဦးတည်အုပ်စု(၁၂)ခုတို့မှ (ပထမ)အကြိမ်၊ Sinopharm ကိုဗစ် ရောဂါကာကွယ်ဆေးထိုး နှံပြီးသူများအား (ဒုတိယ)အကြိမ်၊ ဒုတိယနေ့ အဖြစ် ယမန်နေ့ နံနက် ၉နာရီအချိန်မှ ညနေ ၄နာရီ ၃၀ အချိန် အထိ အမက-ချောင်းငယ် ဆေးထိုးစုရပ်၊ အထက(ခွဲ) မောတောင်နှင့် အထက-ညောင်ပင်ကွင်းဆေးထိုးစုရပ်ဟူ၍ (၃)ခုခွဲ၍ တစ်ပြိုင်တည်းဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ် ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းမှ ကြီးကြပ်လက် ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးရာ အမက-ချောင်းငယ်ဆေးထိုးစုရပ်မှာ အသက် (၆၅)နှစ်အထက် အဘိုးဘွား(၃၂)ဦး၊ ပရဟိတအဖွဲ့ဝင်(၁၉)ဦး၊ နိုင်ငံ့ဝန်ထမ်း(၂၅)ဦးနှင့်ကျန်း မာရေးဌာနဝန်ထမ်း(၁၁)ဦး ပေါင်း(၈၇)ဦး ကိုလည်းကောင်း၊ အထက(ခွဲ)မောတောင်ဆေး ထိုးစုရပ်တွင်အသက်(၆၅)နှစ်အထက်အဘိုး ဘွား(၂၉)ဦး၊ သံဃာတော်(၃)ပါး၊ ပရဟိတ အဖွဲ့(၃၄)ဦး၊ နိုင်ငံ့ဝန် ထမ်း၁၆)ဦး၊ ကျန်းမာ ရေးဌာနဝန်ထမ်း(၁)ဦး၊ ပို့ဆောင်ဆက်သွက် ရေးလုပ်သား(၉)ဦး၊ ဈေးသည်(၁၀)ဦးပေါင်း (၁၀၂)ဦးကိုလည်းကောင်း၊ အထက-ညောင်ပင် ကွင်းဆေးထိုးစုရပ်မှာ အသက်(၆၅)နှစ် အထက် အဘိုးဘွား(၁၀၈)ဦးနှင့်သံဃာတော် (၆)ပါး ပေါင်း(၁၁)ဦးကို လည်းကောင်း၊ ဆေးထိုးစုရပ်(၃)ခုစလုံး စုစုပေါင်း (၃၀၃)ဦးတို့အား အောင်မြင်စွာ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
တနင်္သာရီမြို့နယ် အတွင်း ရပ်ကွက်/ကျေးရွာ အသီးသီးမှဦးတည်အုပ်စု(၁၂)ခုအားဦးစားပေး အစီအစဉ် အတိုင်း(၃၁-၇-၂၀၂၁မှ၉-၈-၂၀၂၁) နေ့အထိ(၁၀)ရက် Sinopharm ကာကွယ်ဆေးလုံးရေ(၁၉၅၅)လုံးဖြင့် လူဦးရေပေါင်း (၃၉၁၀)ဦးအား(ပထမ)အကြိမ်အဖြစ်ထိုးနှံပေးထားကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်းထံက သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)