ကျောက်ဖြူ သြဂုတ် ၃၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆေး၊ ပထမ အကြိမ်ထိုးနှံပြီးစီးခဲ့သူ ၅၄၇၀ ဦးထဲမှ သတ်မှတ်ရက်အလိုက် ပြန်လည်ထိုးနှံကြမည့် ၅၅၆ ဦးအား ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်း မတွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း များက ကာကွယ်ဆေးထိုး နှံရန်လာ ရောက်ကြသည့် ရဟန်းသံဃာတော်များ၊ ဘိုး/ဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများကို သတ်မှတ်နေရာ များသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းတို့ကို စနစ်တကျဆောင် ရွက်ပေး ပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများ ကိုထိုးနှံပေးလျက်ရှိသည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေးများကို ပထမအကြိမ်အဖြစ် သြဂုတ်လ(၁)ရက်နေ့ တွင် စတင်ထိုးနှံပေးထားပြီးဖြစ်ကာ သြဂုတ်လ(၂၉) ရက်နေ့မှစ၍ အဆိုပါကာကွယ်ဆေးများကို ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ကျောက်ဖြူမြို့၌ သြဂုတ်လ ၂၉ ရက်နေ့တွင် ဆေးလာ ရောက်ထိုးနှံသူ ၃၀၇ ဦးရှိပြီး၊ သြဂုတ်လ ၃၁ ရက်နေ့တွင်လည်း မြို့ပေါ်ရပ်ကွက် (၁၂)ရပ်ကွက်နှင့် ကျေး ရွာအုပ်စု ၁၂ အုပ်စုတို့မှ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခဲ့သူ ၅၅၆ ဦးတို့အား ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း