မောင်တော ဩဂုတ် ၃၁
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများ နှင့် ထိတွေ့ ခဲ့သူ များ ၊ ဖျားနာ ၊ ချောင်းဆိုး၊ အ သက် ရှုကြပ် ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ဩဂုတ် ၃၀ ရက်နေ့တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ (၂) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း သိရ သည်။
အဆိုပါ ပိုးတွေ့လူနာများသည် မောင်တောမြို့ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့်ဆောင်တွင် ကျန်းမာရေး စောင့် ရှောက်မှုရှိကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။
ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက် နေ့ မှ ဩဂုတ် ၃၀ ရက်နေ့ ညနေ ၆ နာရီအချိန်ထိ ကိုဗစ် အတည် ပြုလူနာ စုစုပေါင်း (၄၈၀)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြု လူနာများအနက် (၄၅၅)ဦးမှာ ကျန်းမာရေး နှင့် အား ကစား ဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များ နှင့် အညီ ရက်ပြည့် မြောက်ပြီး ရောဂါ လက္ခဏာ ထပ်မံပြသမှု မရှိ သဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ(၁၈)ဦးရှိကြောင်း နှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံ ယူနေသူ (၇) ဦးရှိ ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦး ထံမှ သိရ သည်။
သက်လွင်စိုး ခရိုင် (ပြန်/ဆက်)