တောင်ဥက္ကလာပ စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ အ.မ.က(၁၁)၌ အသက်(၆၅)နှစ်နှင့် အထက် အဘိုး/အဘွားများကို ယနေ့ နံနက်(၉)နာရီ အချိန်မှ စတင်၍ ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား Covid-19 Vaccine များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေးအေးမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက်(၆၅)နှစ်အထက် အဘိုး/အဘွား စုစုပေါင်း(၁၀၀)ဦးကို ကာကွယ်ဆေး ထိုးပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ လာရောက် အားပေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် အတွင်းရှိ ရပ်ကွက်ပေါင်း (၁၃)ရပ်ကွက်မှ အသက်(၆၅)နှစ်နှင့် အထက်အဘိုး/အဘွားများကို အမှတ်(၁၀) ရပ်ကွက်အ.မ.က(၁၁)၊ အမှတ်(၁၄) ရပ်ကွက် မုနိဓမ္မာရုံ၊ အမှတ်(၁၁)ရပ်ကွက် သာသနာ့ဟိတဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက် လူထုဓမ္မာရုံတို့တွင် စုရပ်(၄) နေရာခွဲ၍ ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)